သတင်းများ

အင်းစိန်မြို့နယ်၌ ဘိုကုန်းဈေး၊ ဈေးရုံသစ် အပိုင်း(၂)နှင့်(၃) တည်ဆောက်နေသည့် ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ စစ်ဆေး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်းဈေး၊ဈေးရုံသစ် အပိုင်း(၂)နှင့်(၃) တည်ဆောက်နေသည့် ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၅) စုမှ တောင်သူများထံ ကိုဗစ်-၁၉ ကာလ အထူးစိုက်ပျိုးစရိတ်ငွေ (၅၀၀၀၀) ကျပ်နှုန်း ထုတ်ချေးပေး
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့-မြို့မ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း မြိတ်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဦးသန်းစိုးနှင့်ဝန်ထမ်းများမှ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅)စုမှ တောင်သူများအား
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမအသင်းများ ချိတ်ဆက်၍ ကြက်သွန်နီများ ဖြန့်ဖြူးရောင်းချ
Aug 18,2020
ကယားပြည်နယ် သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်မှ အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးကွက်ရရှိစေရန်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရန် နှင့် ကယားပြည်နယ် အတွင်းရှိ သမဝါယမအသင်းသားများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှစ၍ ကြက်သွန်နီများကို ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ကွင်းဆင်းစစ်ဆေး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်၌ အဖွဲ့များခွဲ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေ ရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများပေးသွင်း
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ နေ့စဉ် ပေးသွင်းလျက်ရှိကြောင်း သိရှိရသည်။
ရွှေတောင်မြေ(ရှမ်းနဂါး) မိသားစုမှ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု အတွင်းရှိ အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဆန်(၁)အိတ်စီထောက်ပံ့ပေး
Aug 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာ အုပ်စုအတွင်းရှိ အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ပုသိမ်မြို့ ရွှေတောင်မြေ (ရှမ်းနဂါး) လက်ဖက်ရောင်းဝယ်ရေးမိသားစုမှ ဆန်(၁)အိတ်စီထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။