ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ(၂၈)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယနေ့နံနက်ပိုင်း က ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း (၄၁)ဦး တွေ့ရှိရပြီး ကုသပျောက်ကင်းသူ (၁၂)ဦး ဆေးရုံတက်ရောက် ကုသဆဲလူနာ (၂၉)ဦး ကျန်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုမှုများ ဆက်လက်ခံယူလျက်ရှိကြောင်းသိရပြီး အဆိုပါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို Home Quarantine ထားရှိကာ အသွားအလာများနှင့် ရောဂါလက္ခဏာများအား အထူးကြပ်မတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း အတည်ပြုလူနာများ ဆက်လက်တွေ့ရှိရပြီးနောက် ဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ
ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာမိဘပြည်သူများအား လိုက်နာမှုရှိ/မရှိနှင့် လိုက်နာနိုင်စေရေးတို့အတွက် အသိပညာပေးခြင်း လုပ်ငန်းများနှင့် စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး