သန်လျင်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှု အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 18,2020
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရန်ကုန်တောင်ပိုင်းခရိုင်)၏ စီစဉ်မှုဖြင့် သန်လျင်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ ယာဉ်မောင်းများအား သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များ၊ တာဝန်ရှိသူများက ဖြန့်ဝေပေးလျက်ရှိသည်။