သတင်းများ

မြင်းမူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ(၂၁၅)ဦးတွေ့ရှိထား
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၆.၆.၂၀၂၁ မှ ၁၃.၇.၂၀၂၁ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ ပေါင်းမှာ(၂၁၅)ဦးထိရှိလာခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၁၀၁)ဦး ရှိပြီး ဆေးကုသမှုခံယူနေသူ(၁၁၄)ဦးရှိကြောင်းနှင့် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ(၃)ဦးရှိပြီဖြစ်
ဘုတ်ပြင်းမြို့နယ်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Jul 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ က မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်နေသူများအတွက် အစားအသောက်များလှူဒါန်း
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယမန်နေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် နန်းလိုင် လွှဲဆည်ရေနှင့် ဒေါင်းမြူးချောင်းရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်း များကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရန် မျှော်လင့် လျက်ရှိနေကြကြောင်း ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးရွာရှိ ဖူးစားပြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ အများပြည်သူနှင့်ဆိုင်သောနေရာများနှင့် လမ်းဘေးဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၂၃)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မြိို့သစ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် (၂၃)ဦး ထပ်တိုးတွေ့ ရှိကြောင်း​ ယမန်နေ့နေ့လည်(၁၂)နာရီအချိန် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးထုတ်ပြန်ချက်အရ သိရသည်။
ပန်းတောင်းမြို့နယ် Facilities Quarantine Center တွင်ရှိသော သူများအား စိတ်အပန်းပြေ စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သရုပ်ဖော်ကပြ
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် Facilities Quarantine Centre တွင်ရှိသော သူများအား စိတ်အပန်းပြေ စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အကများ ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကပြခဲ့ကြောင်း သိရသည်။