မြို့သစ်မြို့နယ်တွင် မြို့မအလယ်တန်းကျောင်းခွဲ RCC (၂) ထပ် ဆောင်အပေါ်ထပ် စတင်ဆလပ် လောင်းခြင်းများစစ်ဆေး

မြို့သစ်  ဇူလိုင် ၁၃

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား ၊  ကျောင်းသူများ  စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' × ၃၀' )  RCC (၂)ထပ်ကျောင်းဆောင်သစ်  ဆောက်လုပ်လျက်ရှိရာ  အပေါ်ထပ်တွင် စတင်ဆလပ် လောင်းခြင်းများကို မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဦးမိုးဇော်နှင့်မြို့နယ် စည်ပင်(SAE) ဦးဘိုဌေးနှင့်အ ဖွဲ့က ဆလပ်လောင်းနေမှုအား ယနေ့နံက်ပိုင်းက သွားရောက်ကြည့်ရှု့စစ်ဆေးလျက်ရှိသည်။

 

မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ(၉၀'×၃၀') RCC (၂) ထပ် ကျောင်းဆောင်သစ်တည် ဆောက်ခြင်းကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေကျပ် (၁၃၃ ဒသမ ၃၈) သန်းဖြင့် တင်ဒါ အောင်မြင်သော   ခင်ဇော်တိုးကုမ္ပဏီက  တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ်   ဆောက်လုပ် ခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊မြို့ နယ်အရည်အသွေးစစ်ကော်မတီ ၊ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ကကြီးကြပ် ဆောင်ရွက်လျက် ရှိရာအရည်အသွေးပြည့်မှီစေရေး သွားရောက်စစ်ဆေး ကြည့်ရှု့ လျက်ရှိပြီး သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးနိုင်ရေးများကို သက်ဆိုင်ရာ တာဝန်ရှိ သူများက လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

 

 

ကိုဇော် ( မြို့သစ်)