သတင်းများ

ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၏ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်းများ၏ မဲစာရင်း ထည့်သွင်းရန်၊ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိ‌ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 18,2020
ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံ၍ ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ကန်ပက်လက်မြို့နယ်၌ cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
Aug 18,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကုစားရေး အစီအစဉ်အရ ကန်ပက်လက် မြို့နယ်တွင် cash for work စီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (DRD) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၁၀) ရွာ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (WSAP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ (WSAP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် အောက်ကန့်ကျေးရွာအုပ်စု၌ ငါးအော်ကျင်းရွာမှ အောက်ကန့်ရွာ အရှည် (၁) မိုင်၊ အောက်ကန့်ရွာ​မှ ရှီနှော့ကျင်းရွာ အရှည် (၁) မိုင်၊ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖောက်လုပ်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လှိုင်မြို့နယ်အတွင်းရှိ အသက် (၆) လမှ အသက်(၅)နှစ်ကလေးများအား VH-A အားဆေးနှင့် သံချဆေးတိုက်ခြင်း လုပ်ငန်းများ လှိုင်ပြန်/ဆက် Community Center တွင် ဆောင်ရွက်
Aug 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြန်​ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center တွင် ယ​နေ့နံနက် (၉:၃၀)နာရီ အချိန်ကစ၍ အသက် ၆လမှ အသက်(၅)နှစ်ထိ ကလေးများအား VH-A အားဆေးနှင့် သံချဆေးတိုက်ခြင်း လုပ်ငန်းများကို ရပ်ကွက်တာဝန်ခံကျန်းမာရေးမှူး​ဒေါ်ဝါဝါနိုင်နှင့် အဖွဲ့များက ဆောင်ရွက်ခဲ့ကြပါသည်။
မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာတွင် ဓါးဖြင့်ခုတ်သူအားဖမ်းဆီး အရေးယူ
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦး---သည် နေအိမ်၌ရှိနေစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် နေအိမ်ရှေ့ လက်ဖက်ရည်ဆိုင်ရှိ ကို---မှ ဦး----၏ဇနီး ဒေါ်---အား ကန်သာယာကျေးရွာ ရေကန်ဘောင်အနီး တွင် တစ်ရွာတည်းနေ မင်းမြတ်ဦး(ခ)ပလုံးမှ ဓါးနှင့်လိုက်ခုတ်နေကြောင်း အော်ပြောသဖြင့် ရေကန်ဘောင်သို့ သွားရောက်ခဲ့ရာ ဇနီးဖြစ်သူ စီးနင်းသည့် ဆိုင်ကယ်မှာ လဲကျနေပြီး ဆိုင်ကယ်အနီးတွင် ဒေါ်---မှာ သွေးများထွက်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
မိုးသက်လေပြင်း တိုက်ခတ်၍ နေအိမ် (၄) လုံး ပြိုကျပျက်စီးခဲ့သော လေဘေးသင့် အိမ်ထောင်စုများ အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်း ကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင်
အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်၊ဆေးခန်းများ လိုင်စင်သစ်နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ပူးပေါင်း စစ်ဆေး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆေးဆိုင်၊ ဆေးခန်းများ လိုင်စင်သစ် နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ပူးပေါင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ပူးပေါင်းစစ်ဆေးခဲ့သည်။
ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာတွင် WY မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာ ရွာဟောင်းလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ဘုတ်ပြင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိအဖွဲ့များသည် ယမန်နေ့မွန်းလွဲပိုင်းက စောင့်ဆိုင်းနေစဉ် ရွာလမ်းအတိုင်း လမ်းလျှောက်လာသည့်