ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် PPE ဝတ်စုံ(၂၀၀)လာရောက်လှူဒါန်း

လားရှိုး ဇူလိုင် ၁၃

လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး ဆောင်၊ ပြည်ထောင်စုအားကစားကွင်းမိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ် ဝိပသနာစခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။

အဆိုပါအတည်ပြုပိုးတွေ့လူနာများကို ကူညီဆောင်ရွက်ပေးလျက်ရှိသော ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များအတွက် ယနေ့ နံနက်(၁၀)အချိန်က ဦးသက်ခိုင်+ဒေါ်ရွှေရည် (Blue Sky) မိသားစုက PPE ဝတ်စုံ တစ်စုံလျှင် တစ်သောင်းကျပ်နှုန်းဖြင့် PPE ဝတ်စုံ(၂၀၀)ကို လာရောက် လှူဒါန်းခဲ့ရာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက လက်ခံရယူခဲ့ပြီး ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ပရဟိတအဖွဲ့အများသို့ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့မှ သိရသည်။

ဥမ္မာချို