ရန်ကင်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတလူမှုကူညီရေး အဖွဲ့အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာပြည်သူ့ အကျိုးပြု လုပ်ငန်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လိုအပ်သည် အောက်စီဂျင်အိုး များဝယ်ယူ အသုံးပြုရန်အတွက် အလှူငွေများလာရောက် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းကလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား ရန်ကင်းမြို့နယ် မိုးစေတနာ ပရဟိတလူမှု ကူညီရေးအဖွဲ့နှင့် တာဝန်ရှိသူ များက ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက် ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် ဘူတာရုံလမ်းနေ မစုတေဇာမိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ အမှတ်(၄)ရပ်ကွက် ၅ လုံးတန်းနေ ကိုပြုံးချို+မစောအေးခိုင် မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ လှိုင်မြို့နယ် ကန်လမ်း 68/4 Sumo& Sakura Art & Japan Souvenir Family မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်းခွဲ၊ ရန်ကင်းမြို့နယ်အမှတ်(၁)ရပ်ကွက် မဂ္ဂင်လမ်းနေ ဒေါ်ဌေးဌေးအောင် မိသားစုမှ လှူဒါန်းငွေကျပ် (၂)သိန်း၊ ဦးသီရီလင်း+ဒေါ်သွယ်သွယ်ဦး မိသားစုမှ လှူဒါန်းငွေကျပ်( ၁) သိန်း၊ ဦးတင်ထူး+ဒေါ်သူဇာထွေး၊ ဦးအောင်မျိုးမြတ်+ဒေါ်သက်ထား၊ ဦးစိုးရွှေ+ဒေါ်ဆွေဆွေမြင့် မိသားစု တို့မှ လှူဒါန်းငွေကျပ်(၁)သိန်းခွဲ၊ မသဇင်ဦးနှင့် သူငယ်ချင်းများမှ လှူဒါန်းငွေကျပ်(၃)သိန်း (ရှစ်သောင်း ကျပ်)တို့အား လှူဒါန်းရာ မိုးစေတနာပရဟိတ ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မိုးစေတနာ ပရဟိတအဖွဲ့အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့်အပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါကလည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)သည် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် အသက် ကယ်ခြင်း လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိသည့်အတွက် အသက်ကယ်အောက်စီဂျင်(လေ) အတွက် လှူဒါန်း လိုပါက ဖုန်း ၀၉-၅၄၀၃၅၂၉ ဒေါ်ခင်မြအေး(အသင်းဥက္ကဋ္ဌ) သို့ ကာလဒါန အကျိုး၊ လေ အလှူတော်များ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှလှထွေး