၂၀၂၀ ပြည့်နှစ်သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်သီးနှံဧကများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၄

 

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊  နွားစာပြောင်းများအနက် မိုးနှမ်း (၁၂၃၂၉.၅၁) ဧက နှင့်​  မြေပဲ (၆၂.၂၆)ဧကအတွက် တောင်သူပေါင်း (၆၃၉၁)ဦးအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

 

ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးလို၊        မိုးခေါင်  မှုကြောင့်ပျက်စီးသွားသောမိုးနှမ်းအတွက် တစ်ဧကလျှင်(၅၀၀ဝိ/)နှုန်းဖြင့် ငွေကျပ် (၆၃၅၁၅၃၅ဝိ/) ကို ကွင်းကြီးကျေးရွာအုပ်စု၊ နဘူးကွဲကျေးရွာအုပ်စု၊ တမာပင်ရပ်ကွက်၊ ဘုန်းတော် ပြည့် ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကြီးကျေးရွာအုပ်စု၊ ကျောက်တန်း ကျေးရွာအုပ်စု ၊ ဂွေးကုန်းကျေးရွာအုပ်စု ၊ ရွာမွန်ကျေးရွာအုပ်စု၊ ပ-ကျောင်းကုန်းကျေးရွာအုပ်စု၊ ပိတောက်ငုတ်ကျေးရွာအုပ်စု၊ ဖတ်သန်းတောင်ကျေးရွာအုပ်စုနှင့် မြင်းတဲကြီးကျေးရွာအုပ်စု ရှိတောင်သူများ၏ သီးနှံပျက်စီးမှု ဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ကျေးရွာလယ်/စီအဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာရပ်ကျေးစာရေးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ၎င်းတို့မှတစ်ဆင့်တောင်သူများ လက်ဝယ်အရောက် ဆက်လက်​ထောက်ပံ့ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

 

သင်းသင်းမြတ်(နတ်မောက်)