နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၁၉၄ )ဦးရှိပြီဖြစ်

နတ်မောက်   ဇူလိုင်  ၁၄

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ( ၁၉၄  ) ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့  ဇူလိုင်လ ( ၁၃ ) ရက်နေ့နံနက်ပိုင်းက   လာရောက် စစ်ဆေးသူ ( ၅၁ ) ဦးအနက် နတ်မောက်မြို့နယ် ဖျောက်ဆိပ်ပင်စာသင်တိုက်(၂၁)ပါး ၊ ဈေးရပ်ကွက်(၁)ဦး၊ တမာပင်ရပ်ကွက်(၁)ဦး၊ ဈေးသာကျေးရွာ(၂)ဦး၊ ရွာတော်ကျေးရွာ(၁)ဦး ၊ စမ်းကန်ကျေးရွာ(၁)ဦး၊ ရန်အောင်မြင်ရပ်ကွက်(၂)ဦး၊ မြေခြားကျေးရွာ(၁)ဦး၊ ဆေးရုံဝန်း(၁)ဦး  စုစုပေါင်း( ၃၁ )ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။

 

 

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ယနေ့အထိ ( ၁၉၄  ) ဦးရှိပြီး၊  ဆေးရုံမှဆင်း ခွင့်ရရှိသူ( ၃6 )ဦးအား မိမိနေအိမ်၌ (Home Quarantine )  (၇) ရက်နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်းသိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ( ၁၈ ) ဦး တို့အား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး၊ Covid Centre (2)တွင် ( ၁၄0 )ဦးထားရှိ ကြောင်းသည်။  

 

သင်းသင်းဝေ ( နတ်မောက်)