ကျောက်ဆည်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောက်ဆည် ဇူလှိုင်၁၄
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစဉ်ဖော်ဆောင်ပေး လျက်ရှိရာ ယနေ့နံနက် (၉)နာရီ ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြို့နယ်အတွင်း ရှိကျေးရွာ(၃)ရွာတွင် ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုး တိုးတက် ရေး စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေး အပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
 
အဆိုပါစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နည်းပညာ ဦးစီးအရာရှိ ဒေါ်ဌေးရီက (VDP) စီမံကိန်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် မုန့်ပေါင်း၊ ပေါက်ကုန်း၊ ရွာတော်ကျေးရွာများအား စီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)စီ လွှဲပြောင်းပေး အပ်ခဲ့ ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာလူထုကိုယ်တိုင် မိမိတို့ကျေးရွာများ၏ ပကတိအခြေအနေများကို ဖော်ထုတ်ပြီးဦးစားပေးအစီအစဉ်အလိုက် စီမံချက် များကို စနစ်တကျရေးဆွဲတတ်စေရန်၊ ရေးဆွဲထား သော စီမံချက်များ အပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် အဆိုပါစီမံချက်များအား မြို့နယ်အဆင့်ဦးစီးဌာန အသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက် နိုင်ပြီးများစွာ အထောက်အကူပြုစေရန်အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) များဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)