ရွှေသောင်ယံ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း လျှော့ချနိုင်ရန် အတွက် လူဝင်လူထွက်စစ်ဆေးရေး ဂိတ်ကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရွှေသောင်ယံမြို့ တံတား ထိပ်၌ ပြန်လည် ဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ဌာနဆိုင်ရာများ၊ ရွှေသောင်ယံနယ်မြေ တပ်စခန်းမှဗိုလ်ကြီးနှင့် တပ်မတော်သားများ၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင် ဆောင်ရွက်ကြပြီး ခရီးသွား ပြည်သူများကို ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်သွားလာရန် အပြင်ထွက်သွား လာသည့်အခါ နေအိမ်ပြင်ပထွက်ခွာခွင့် ကဒ်များကို ယူဆောင်သွားလာရန် အထူးသဖြင့် ကူးစက်ရောဂါ ကိုဝိုင်းဝန်းကာကွယ်နိုင်ရန်အတွက် အရေးတစ်ကြီး လိုအပ်မှသာ အိမ်ပြင်ထွက်ပြီးကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွားလာဖို့မှာ ကြားလျက်ရှိကြောင်းသိရသည်။