ကျိန္တလီမြို့ တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၂)ဦးထပ်မံတွေ့ရှိ

ကျိန္တလီ ဇူလိုင် ၁၅

 

သံတွဲခရိုင် ၊ ကျိန္တလီမြို့ တွင်  ရတနာမြိုင်‌ေကျးရွာမှ အသက်(၃၉)နှစ် အမျိုးသားတစ်ဦး ၊ အသက်(၃၀)နှစ်အမျိုးသမီးတစ်ဦး ၊ ချင်းကွင်းကျေးရွာမှ အသက်(၃၇)နှစ် အမျိုးသမီးတစ်ဦး နှင့် ကံ့ကော်တောင်ကျေးရွာမှ အသက်(၄၅)နှစ်အမျိုးသားတစ်ဦး စုစုပေါင်း(၄)ဦးတို့သည် သံသယဖြစ် ဖွယ်လက္ခဏာများတွေ့ရှိရသဖြင့် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နေ့လည်အချိန်က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၂)ဦးမှာ အသက်(၄၅)နှစ်အမျိုးသားတစ်ဦးနှင့် အသက် (၃၀)အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရပြီး ကံ့ကော်တောင်ကျေးရွာမှ အသက်(၄၅)နှစ် အမျိုးသား တစ်ဦးတွင်(ခရီးသွားရာဇဝင်မရှိ) လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝမ်းပျက်၊ဝမ်းလျော့နှင့် ကိုယ်လက်ကိုက်ခဲဝေဒနာ ခံစားနေရပြီး ကျိန္တလီမြို့ပြည်သူ့ဆေးရုံသို့လာရောက်၍ RDT Test Kit စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။

 

ထို့နောက် ရတနာမြိုင်‌ေကျးရွာမှအသက်(၃၀)နှစ် အမျိုးသမီးတစ်ဦးမှာ ရန်ကုန်မှပြန်လာသူ ဖြစ်ပြီး အဖျားတက်ခြင်းနှင့် အနံ့မရသည့် ဝေဒနာခံစားနေရ၍ ကျိန္တလီမြို့ပြည်သူ့ဆေးရုံ သို့လာ ရောက်၍ RDT Test Kit စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။ ၎င်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၂)ဦးအား ဆေးကုသမှုခံယူရန် ဂွမြို့ ပြည်သူ့ဆေးရုံသို့ မေတ္တာရောင်စဉ် လူမှုကူညီရေး အသင်းက လိုက်ပါပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။