ငပုတော ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask)များ တပ်ဆင်သွားလာအသုံးပြုစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာ နေထိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး လှုံ့ဆော်ခြင်း များကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့ပေါ် ရပ်ကွက်များနှင့်ဈေး၊ သင်္ဘောဆိပ် များသို့လှည့်လည်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသံချဲ့စက်ဖြင့်အသိပညာပေးလှုံ့ဆော်ရာတွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သရွေ့ မိမိအိမ်ထဲတွင်သာနေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရန်နှင့် မျက်နှာအကာကိုပါ တွဲဖက်အသုံးပြုရန်၊ လူစုလူဝေးရှိရာနေများသို့ သွားလာခြင်းများကို ရှောင်ကြဉ်ရန်နှင့်တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင် ရန်၊လက်ကိုစက္ကန့်၂၀ကြာ မကြာခဏဆေးကြောရန်၊ လေဝင် လေထွက်မကောင်း သော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာရသူများအနေဖြင့်လည်း မိမိနေအိမ်ရှိ သက်ကြီး ရွယ်အိုများ၊ကလေးသူငယ်များ ၊ဆီးချို၊ နှလုံးရောဂါ ရှိသူ မိသားစုဝင်များနှင့်အနီးကပ်နေထိုင်ခြင်း၊စားသောက်ခြင်းများမှရှောင်ကြဉ်ကြရန်၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို အချင်းချင်းသတိပေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များအားတိကျစွာလိုက်နာဆောင်ရွက်ရေးတို့ကိုအသိပေးလှုံ့ဆော်ကြေငြာခဲ့ပြီးပြည်သူများထံသို့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)၅၀၀အား ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုး နှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်