ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အောင်လံကျေးရွာရှိ ကွန်ကရစ်ခင်းခြင်း အရှည် ၅၁၀ ပေ၊ အကျယ် ၁၂ ပေ လုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် တာတန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။