သတင်းများ

ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ
Jul 29,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ
Jul 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဇူလိုင် ၂၆ ရက်မှစတင်၍ ပင်စင်လစာငွေများ ကို နေ့အလိုက်ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့်အချက်များအား ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်
Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များအား ယနေ့နံနက်(၇)နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ကျိုက်ထိုမြို့နယ်ရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေး
Jul 28,2021
သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် တောင်ကျရေစီးဆင်းကာ ကဒက်ချောင်းမှရေလျှံ၍ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ် ငြိမ်အရှေ့ အနိမ့်ပိုင်းတွင် ရေများဝင်ရောက် ခဲ့သည်။
တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင် ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ငွေကျပ်သိန်း (၁၀၀)လှူဒါန်းပေးအပ်
Jul 28,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်/ အလှူရှင်များ ပူးပေါင်း၍ အောက်စီဂျင်လုံလောက်စွာရရှိရေး၊ Stay at Home စည်းကမ်းချက် များအတိုင်း နေထိုင်ရေး၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စောင့်ကြည့်ကုသရေး၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးရေး၊ လိုအပ်သည်များကိုထောက်ပံ့ပေးရေးတို့ကို နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အင်္ဂပူမြို့နယ်တွင် နန်ကသူချောင်းရေလျှံမှုကြောင့် ကွင်းကောက်(တောင်)ကျေးရွာအုပ်စုနှင့် ကျွဲသောင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ဖောက်လုပ်ထားသော တာတမံကျိုးပေါက်မှုဖြစ်ပွား
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  အင်္ဂပူမြို့နယ်တွင် နန်ကသူ‌ချောင်းရေလျှံမှုကြောင့် ယနေ့နံနက်ပိုင်းကကျီကြီး‌ကျေးရွာအုပ်စု၊ တဲကြီးစု‌ကျေးရွာရှိကွင်းကောက် (တောင်)ကျေးရွာ အုပ်စုနှင့်ကျွဲသောင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ဖောက်လုပ်ထားသော တာတမံအ‌ပေါ် တွင် ရေ၁ပေခန့်ကျော်ပြီး အရှည် (၁၂)ပေခန့်  ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။