သတင်းများ

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ရောက်ရှိ
Jul 30,2021
ကိုဗစ်-၁၉ရောဂါပိုးများသည် ယခုအချိန်တွင် တတိယလှိုင်းအဖြစ်နိုင်ငံအနှံ့ ကူးစက်ဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ပျံနှံ့မှုလျော့ကျရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ဆေးများသည် ဇူလိုင်(၂၉)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် အလုံး(၂၆၄၀၀)လုံးကိုရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာပြီး ဟဲဟိုးလေဆိပ်မှမော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့သို့သယ်ဆောင်လာကြောင်းသိရသည်။
မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းတို့အား တွေ့ဆုံမေးမြန်းခြင်း
Jul 30,2021
မေး။ မင်္ဂလာပါ ဆရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူအများ သိရှိအောင်၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းခွင့်ပြုပါဆရာ ၊ ပထမဦးဆုံးအနေနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဆရာဦးစိုးမင်းထက်ကို မေးချင်ပါတယ်ဆရာ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျနော်တို့ မြို့နယ်ရဲ့ အခြေအနေ ကိုသိချင်ပါတယ်ဆရာ -
သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင်ကျောင်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များအား မြန်မာနိုင်ငံလုံးဆိုင်ရာကိုဗစ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကော်မတီ အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့မှ လှူဒါန်းမည်
Jul 30,2021
ရန်ကုန်တိုင်းဒေသကြီး အတွင်း အောက်ဆီဂျင်လိုအပ်လျက်ရှိသော သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင် ကျောင်းများကို ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကော်မတီ အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့မှ လိုအပ်သည့်အောက်ဆီဂျင်များကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 30,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသခံပြည်သူများအား ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က ရင်းငြိမ်ကျေးရွာရှိ အထက(ရင်းငြိမ်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 30,2021
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ခံလူနာများနှင့်ရောဂါ ကာကွယ်ရေးကုသရေးဌာနများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား အာဟာရဖြည့်အစား အသောက်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊မြို့တော်ခန်းမ၌ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက အလှူငွေများပေးအပ်လှူဒါန်း
Jul 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းညနေပိုင်းတွင်အန္တရာယ်ကင်းပရိတ်၊ ပဌာန်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်သည့် ဦးဆောင်သောအဖွဲ့ထံသို့ တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ က ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌အလှူငွေများပေးအပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram)ထိုးနှံပေး
Jul 30,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinophram)ကို ယနေ့နံနက် ၈ နာရီမှစတင်ကာ ဆေးထိုးစုရပ် ၅ နေရာထားရှိ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၆၅)နှစ်အထက် ရဟန်းသံဃာ များ၊ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ
Jul 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် ၊အားကစားခန်းမသစ်၌ ယနေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။