သတင်းများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံများလှူဒါန်း
Jul 30,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင်တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ MASK ကမ်းပိန်းပြုလုပ်
Jul 30,2021
ပြည်တွင်းကူးစက်မှုမြှင့်တက်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး ကော့သောင်းမြို့တွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ ကော့သောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရောဂါထိန်းချုပ်မှု လုပ်ငန်းများတွင် တဖက်တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းပါဝင်မှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နေပြည်သူများအား ပါးစပ်နှာခေါင်းစည်းလိုက်လံဝေငှသည့် ကမ်းပိန်းလှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) အား စတင်ထိုးနှံပေး
Jul 30,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်၊ မြသိန်းတန်ဘုရားဝန်းအတွင်း၌ ယနေ့နံနက်၉း၀၀နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)အား စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မင်းလှမြို့ ကိုဗစ်-၁၉လူနာများအား နှစ်သိမ့်အားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်
Jul 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရွာတော်ကျေးရွာအုပ်စုတွင်းရှိ ဝါကြိတ်စက်ရုံတွင် ဖွင့်လှစ်ထားသည့် ကိုဗစ် Centre ရှိ Positive လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီကမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မင်းလှမြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ရဲပိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး တို့က သွားရောက် နှစ်သိမ့်အားပေး ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် အစည်းအဝေးကျင်းပ
Jul 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ယမန်နေ့မနက် ၉ နာရီခွဲအချိန်က အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 30,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲ (၃)နာရီ မှစတင်ကာ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံ ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 30,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဦးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ အုပ်တံတိုင်း(၁၀)ခန်း ပြိုလဲပျက်စီး
Jul 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ အုပ်တံတိုင်း(၁၀)ခန်း ပြိုလဲပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ထံမှသိရသည်။