နတ်တလင်း ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလူနှင့်ခရိုင်စီမံအုပ် ချပ်ရေးအဖွဲ့တို့သည်ယမန်နေ့နံနက် ၉နာရီအချိန်ကနတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်ပရဟိတအဖွဲ့များ၊Volunterများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလူသည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကိုဗစ်- ၁၉စည်းကမ်းချက်များနှင့်အညီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ပရဟိတအဖွဲ့များ၊Volunterများနှင့်တွေ့ဆုံကာမြေပြင်ပေါ်တွင်လုပ်ငန်းများဆောင်ရွက်ရာ၌တွေ့ကြုံရသောအခက်အခဲများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖြင့်ပေါင်းစပ်ကူညီဆောင်ရွက်သွားကြရန်ဆွေးနွေးခဲ့ပြီးပရဟိတအဖွဲ့များ၊VolunterများအားPPEဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်ပဲခူးတိုင်းဒေသကြီး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလူနှင့်အဖွဲ့သည်ရွာမရပ်ကွက်၊ရန်ကုန်-ပြည်လမ်းရှိအောက်ဆီဂျင်စက်ရုံတည်ဆောက် မည့်မြေနေရာကို လည်းကောင်း၊ WeLoveNattalinအပန်းဖြေပန်းခြံဆောက်လုပ်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ရန်ကုန်-ပြည်လမ်းရှိဘိုးဘွားရိပ်သာ၌အဘိုးအဘွားများအားကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေကို လည်းကောင်းကြည့်ရှူစစ်ဆေးလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထားထားဦး