တနင်္သာရီ ဩဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဇီဝိတသံဃာ့ဆေးရုံအတွင်း ယမန်နေ့နံနက် ၁၀နာရီအချိန်မှစ၍ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား Sinopharmကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်မှုဖြင့် လ/ထဆရာဝန် ဒေါက်တာနွေးဟေမာသင်းက ကြီးကြပ်ပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနမှသားဖွားဆရာမ ဒေါ်မာမာခိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို (ပထမ)အကြိမ်အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်သည်။
တနင်္သာရီမြို့နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၁၄၃၅)လုံးရရှိပြီး တစ်လုံးလျှင်လူ(၂)ဦးနှုန်းဖြင့် စုစုပေါင်း(၂၈၅၀)ဦးအား (၇-၈-၂၀၂၁) နေ့အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် အသက်ကြီးဖိုးဖွါး(၃၃)ဦးနှင့် သံဃာတစ်ပါးစုစုပေါင်း(၃၄)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
ယင်းသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးနေမှုအား တနင်္သာရီမြု့နယ်၊ ရေဖြူရွာအခြေစိုက်၊ အမှတ်(၁)စစ်ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးလှဇော်ဦးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်တို့က ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေကြသော သက်ကြီး အဖိုးအဖွားများနှင့်ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကြပြီး ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးကြကာ လိုအပ်သည်များကို ပံ့ပိုးလမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်၊
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)