မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

 

 

မိုင်းယောင်း ဩဂုတ် ၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်များက ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်မိုးသီတာမြင့်က ကျပ်နှစ်သောင်း၊ ဒေါ်နန်းဘိုးခမ်းက Mask ၁၀ ထုပ်၊ ဒေါ်အေးသီတာနွယ်က ကျပ်ငါးသောင်း၊ ဒေါ်နန်းဘိုးဖာက ကျပ်တစ်သိန်းနှင့် Mask၊ လက်သန့်ဆေးရည်၊ အရက်ပျံများ၊ ဒေါ်နန်းအောန်ကျောက်က ကျပ်နှစ်သောင်း၊ ဦးအောင်နိုင် က ကျပ်ငါးသောင်း၊ မိဘမေတ္တာကုန်စုံဆိုင်က ကျပ်ငါးသောင်းနှင့် Mask၊ လက်သန့်ဆေးရည်၊ အရက်ပျံများ၊ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အဖြူရောင် တွဲလက် အဖွဲ့က ကျပ်လေးသိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက လက်ခံရယူခဲ့သည်။

 

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင် များ သည် အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း