ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ရိခေါ်ဒါရ်   သြဂုတ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယ‌နေ့နံနက် နာရီမှစ၍ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ်ပြီး ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကွက်လူငယ် Volunteer များအား ပထမဦးစားပေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုးနှံခြင်းမှတ်တမ်းကတ်ပြားနှင့် ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးရာတွင် အမျိုးသား (၂၁)ဦး၊ အမျိုးသမီး ()ဦး၊ စုစုပေါင်း (၂၆)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို သြဂုတ်လ (၃၀)ရက်နေ့၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)