မြဝတီ သြဂုတ် ၂
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ယခုအခါ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ် အောက်သို့ရောက်ရှိကာ မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် ရေကြီးမှုတွင်တင်ကျန်ခဲ့သည့် အမှိုက်နှင့် ရွှံ့နွံများအား ဖယ်ရှား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အမှတ်(၃)ရပ်ကွက်ရှိ မိုးကုတ်ကျောင်းအနီးတွင် ယနေ့ နံနက် ၉ နာရီက မြို့သန့် ရှင်း ရေး စတင်ဆောင်ရွက်နေမှုများအား မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သွားရောက်ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသည့် အဖွဲ့များအတွက် ရေသန့်နှင့် မုန့်များ ပေးအပ်ခဲ့သည်။
မြို့သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူးနှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးအောင်စိုးနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ဆောင်ရွက်ခြင်းသည် ဒုတိယနေ့ဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့က အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် တို့တွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်