ဟိုပုံး ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇူလိုင်လ(၃၀)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် ဩဂုတ်လ(၄)ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်တွင် မြို့နယ် အတွက် ခွဲတမ်းရရှိထားသော Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အားလုံး ကို အပြီးသတ်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်သည်။
ဟိုပုံးမြို့နယ်အတွင်း ယခုထိုးနှံပေးခဲ့သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအရေအတွက်မှာ(၁၈၅၁)လုံးဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့တွင် အသက် ၆၅ နှစ် အထက် ဘိုးဘွားများနှင့် ဦးစားပေးအစီအစဉ်အရ ဆေးထိုးပေးနိုင်သူများအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် (၄၇၄)ဦး၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈နာရီမှ ညနေ ၄နာရီ အထိ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ထို့နောက် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေး ခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၊ ကျောက်တန်းတိုက်နယ် ဆေးရုံ၊ မိုင်းပျဉ်းတိုက်နယ် ဆေးရုံ၊ နမ့်ခုတ် ကျန်းမာရေးဌာန၊ စံဖူးကျန်းမာရေးဌာန တို့တွင် (၅၇၆)ဦး တို့ကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ဆေးထိုး စုရပ်(၅)ခုများရှိ ဩဂုတ်လ (၁)နေ့တွင် (၇၇၈)ဦး တို့ကိုလည်းကောင်း၊ ဩဂုတ်လ (၂)နေ့တွင် (၇၃၈)ဦး တို့ကို လည်းကောင်း၊ ဩဂုတ်လ (၃)နေ့တွင်(၅၈၆)ဦး၊ ဩဂုတ်လ (၄)ရက်နေ့တွင် (၅၅၀)ဦးတို့ကို လည်းကောင်း စုစုပေါင်း (၃၇၀၂)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက် များနှင့် အညီ အပြီးသတ်ထိုးနှံပေးခဲ့ပြီး ဆေးထိုး လုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက် နေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းနှင့် ကော်မတီ၀င်များကြီးကြပ်မှုဖြင့်၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာ ရေးဌာနမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများနှင့် ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။ ဆက်လက်၍ ထိုးနှံပေးသွားမည့် အစီအစဉ်များကို ထပ်မံကြေညာ ပေးသွား ဖြစ်ကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)