ပျဉ်းမနား ၊ ဩဂုတ် 6
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊သီလရှင်များ၊အသက် (၆၅)နှစ် နှင့်အထက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဩဂုတ် ၁ရက်နေ့ မှ ၄ရ က်နေ့ထိ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဆေးထိုးနှံရေး စင်တာတွင် ထိုးနှံပေး ခဲ့ပြီး၊ ကာကွယ်ဆေးများ ထပ်မံရရှိသဖြင့် ဩဂုတ် ၅ ရက် နေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် လျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဆရာဝန်နှင့် ကျန်းမာရေးဝ န်ထမ်းများ၊ တပ်မတော်ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ပထမအသုတ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေ ၂၅၀၀ ဦးစာရရှိခဲ့ပြီး ထပ်မံ၍ လူဦးရေ ၁၅၀၀ စာထပ်မံရရှိသဖြင့် စုစုပေါင်း လူဦးရေ ၄၀၀၀ ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်ဆက်