တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းဘတ် လေးသိန်းနှင့်အတူ ထိုင်းဘတ် ၂၅၀၀၀၀ကျော်တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ စုပေါင်း လှူဒါန်း

                                                               တာချီလိတ် သြဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရန် စေတနာရှင်အလှူရှင်များ စုပေါင်း၍ ထိုင်းဘတ်ငွေ လေးသိန်း နှင့်အတူ ထိုင်းဘတ် ၂၅၀၀၀၀ ကျော်တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီနှင့် မြို့မီးလင်းရေးရုံးခွဲတို့မှ ဝမ်လုံး Quarantine Center တွင် လိုအပ်သည့် လုပ်ငန်းများတည်ဆောက်ရန်အတွက် ထိုင်းဘတ်ငွေ နှစ်သိန်း​၊ ဦးအားချန် (ကြီးမြတ်သောရွှေမြင်းဆောက်လုပ်ရေးကုမ္မဏီ)မိသားစုမှ ဝမ်လုံး Quarantine Center တွင် ရေပိုက်လိုင်းစနစ် တည်ဆောက်ရန်အတွက် ထိုင်းဘတ်ငွေတစ်သိန်း၊ ဦးနေမျိုးဦး (အိမ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီ)မိသားစုမှ ဝမ်လုံး Quarantine Crnter တွင် ရေနှင့် မိလ္လာစနစ်တည်ဆောက်ရန်အတွက် ထိုင်းဘတ်ငွေတစ်သိန်း၊ ဦးအားတီနှင့်ဇနီး ဒေါ်ခင်ခင်ထွေးမိသားစု (စံလင်းဖြိုးကုမ္မဏီ)မှ ထိုင်းဘတ်ငွေ (၂၂၈၅၀၀) ဘတ်တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အခုရေ တစ်သိန်း၊ PPE ဝတ်စုံ အစုံ (၅၀၀)၊ လက်အိတ် (၁၀၀)ဘူး၊ မယ်ခေါင်ရပ်ကွက်နေ ဦးအားရင်နှင့်ဇနီး ဒေါ်နန်းခမ်းရှဲန် မိသားစုမှ ထိုင်းဘတ်ငွေ (၂၂၀၀၀)ဘတ် တန်ဖိုးရှိ အေပရွန် PPE(၁၀၀၀) ထည်၊ လက်အိတ် (၆၀)ဘူး တို့အား ခရိုင်ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များက လက်ခံခဲ့ကြပြီး ကျေးဇူးတင် စကားပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။

တာချီလိတ်မြို့တွင် ယနေ့အထိ ကိုဗစ် (၁၉)ရောဂါ အတည်ပြုလူနာ ၁၅၇၆ ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၆၈၀ကျော်နှင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယာဆေး (ပြန်/ဆက်)