ဆီဆိုင်မြို့တွင် ဦးစားပေးအစီအစဉ်ဖြင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ဆီဆိုင် ဩဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မိဘပြည်သူများအား မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစားပေးအစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် မိဘပြည်သူများ၏ ကိုယ်ရေးမှတ်တမ်းကောက်ယူခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်စီမီတာတိုင်းတာခြင်းများကို ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စနစ်တကျထိုးနှံ ပေးခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ( ၅၀၉၄ )ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ဆီဆိုင်(ပြန်/ဆက်)