ပေါက်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်​ ဒေသခံ​ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

                                                              ပေါက်  သြဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်နှင့်အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာတော် များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အခြေ ခံပညာ အထက်တန်းကျောင်းရှိ  ဗိုလ်စကားခန်းမတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှညွှန်ကြား ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ငါးရက်မြောက် ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ဆေးထိုးနှံရန် ရောက်ရှိ လာကြသည့် ဘိုး/ဘွားများအား သတ် မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ စေတနာ့ဝန်ထမ်း Volunteer များက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးဌာန မှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး  ပုံမှန်အခြေအ နေရှိသူများသာ ကာကွယ်ဆေးများ ကိုထိုး နှံပေးလျက်ရှိကာ ၎င်းကာကွယ်ဆေး အမျိုးအစားမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် (Sinopharm) ဆေး အမျိုးအစားဖြစ်ပြီး ပေါက်မြို့နယ်အတွက်ဆေးအလုံးရေ ၁၀၅၀ လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းထိုးနှံပေးနိုင်ပြီး လူဦးရေ  ၂၁၀၀ ဦးအား ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ပေါက်မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးများကို သြဂုတ်လ(၁)ရက်နေ့တွင် ဆေးထိုးနှံခြင်း ပထမနေ့ရက် အဖြစ် မြို့ပေါ်ရပ်ကွက်များမှ ဘိုး/ဘွား၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၁၈၀ ဦး၊ သြဂုတ်လ (၂)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဘိုး/ဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၃၃၂ ဦးအားလည်းကောင်း၊ သြဂုတ်လ(၃)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနှင့် ဒေသခံပြည်သူ ၆၉၈ ဦးအားလည်းကောင်း၊ သြဂုတ်လ ၄ ရက်​နေ့တွင်မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စု များမှ ဘိုး/ဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနှင့် ဒေသခံ ပြည်သူ ၇၆၈ ဦး အားလည်းကောင်း ထိုးနှံပေးထားပြီးဖြစ်ကာ သြဂုတ်လ ၅ ရက်၊ ပဉ္စမ​နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ် နှင့် အထက် အဘိုးအဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 ဉာဏ်တိုး(ပြန်/ဆက်)