မြဝတီမြို့ မှ တစ်ဆင့် ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား လက်ခံကြိုဆို

                                                        ကော့ကရိတ် သြဂုတ် ၆

ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့မှတစ်ဆင့် ကော့ကရိတ်မြို့သို့  မြဝတီမြို့မှ ကြယ်တံခွန်မော်တော်ယာဉ်လိုင်းဖြင့်  ယနေ့ နေ့လယ် ၁၂နာရီ အချိန်က   ကော့ကရိတ်မြို့သို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော် မတီဝင်များမှ ကော့ကရိတ်မြို့၊ အမှတ် (၃ )ရပ်ကွက် မြို့မအားကစားကွင်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရ သည်။

ထိုသို့ လက်ခံကြိုဆိုရာတွင် မြို့နယ်ကိုဗစ် -၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ က ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာပြောင်းရွှေ့လုပ်သား (၂၂)တို့အား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းချက်များနှင့် ကျန်းမာရေးအသိပညာပေးခြင်း များဆောင်ရွက်ခဲ့သည်။

ထို့နောက် နေရပ်ပြန်များဖြစ်သည့် အမှတ် (၁)ရပ်ကွက်  ကျား(၁) ဦး၊ မ (၁)ဦး၊ လောင်းကိုင်ရွာ မ (၁) ဦး၊ ကျုံဒိုးမြို့ မ (၁) ဦး၊ အောင်ဗလကုန်းရွာ ကျား (၁) ဦး၊ မ ( ၂) ဦး၊ ကော့ငှက်ရွာ မ (၆)ဦး၊ ပေါ့ ကြူးကုန်းရွာ ကျား (၂)ဦး၊ မ (၁)ဦး၊ အင်းကြီးရွာ ကျား (၁) ဦး၊ ကော့ကသောင်ကျေးရွာ ကျား (၁)ဦး၊ မ (၁)ဦး၊ ကြာအင်းဆိပ်​ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ ကျား (၂)ဦး၊ မ (၁) ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တာဝန်ခံများက လာရောက်ခေါ်ဆောင်သွားပြီး၊ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာများရှိ  Quarantine Centreများတွင် (၁၄)ရက်ကြာ နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင်