သတင်းများ

ပန်း​တောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Aug 09,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​ တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညနေ ပိုင်းက  ​မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍ လုပ်ဆောင်လျက်ရှိ
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အသက် ၆၅ နှစ် အထက် သက်ကြီးအဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများ ပင်ပန်းမှု သက်သာစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် သတ်မှတ်စု ရပ် (၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိ ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အသိပညာပေး နှိုးဆော်
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ နေ့စျဉ်မြင့်တက်လျက်ရှိပြီး ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများသို့ Mobile Library ဖြင့် လှည့်လည် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်​​ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ကာကွယ်ဆေးထိုး စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စားသောက်ဆိုင်/ ဈေးရောင်းသူများ၊ တည်းခိုခန်းပိုင် ရှင်များ၊ ယာဉ်မောင်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ် ၍ ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေရာ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
တနင်္သာရီမြို့အဝင်တံတား စစ်ဆေးရေးဂိတ်နှင့် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ အသစ်(၁၅)ဦး ထပ်တိုး၍ လူနာပေါင်း(၁၀၉)ဦးအထိရှိလာ
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အဝင်/အထွက် တနင်္သာရီတံတားထိပ်ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိရာ ယမန်နေ့က နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း ခံစားနေရသူ (၁၅)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ ကျန်းမာရေးကြီးကြပ်(၂) ဒေါ်ဇာခြည်ဝင်းနှင့် ဒေါ်သီသီအေးတို့က ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ RDT Test- Kit ဖြင့် စစ်ဆေးပေးရာမှာ (၁၀)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း တံတား စစ်ဆေးရေးဂိတ်မှ သိရှိရသည်။
အိမ်မဲမြို့နယ်တွင် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်း
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်မြခရိုင်အိမ်မဲ​မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံလူတန်းစားများစာသောက်ရေး အဆင်ပြေစေရန်အတွက် မြင့်မြတ်သူ ပရဟိတအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် နေ့စဉ် လှူဒါန်း ပေးလျှက်ရှိရာ ယနေ့နံနက် ၈နာရီက အလှူရှင် စဟိန်းလင်း ဇော်ဇနီးနန့်စုစုသန်း၊ သမီးနန့်ချယ်ရီသင်း မိသားစုတို့မှ ဆန်းလင်းအောင် ကွန်ပြူတာမိတ္တူဆိုင် ဖွင့်ပွဲ(၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်၁၂၊၁၃၊၁၄လမ်းများရှိ ပြည်သူများအား သွားရောက် လှူဒါန်းခဲ့ကြောင်း  သိရသည်။
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများပေး အပ်လှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဘက်စုံအသုံးပြုနိုင်ရန် အတွက် အလှူငွေများပေး အပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပုသိမ်မြို့ အောက်စီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိရာသို့ ကြည့်ရှုစစ်ဆေး
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် အတူ ယနေ့ညနေ(၅)နာရီ အချိန်ခန့်က ပုသိမ်မြို့၊ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် ထားရှိအသုံးပြုရန် မှာယူထားသော အောက်စီဂျင် ထုတ်လုပ်ရေးစက်ကြီး ရောက်ရှိလာရာ နေရာချထားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။