သတင်းများ

ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (SinoPharm) များဆက်လက် ထိုးနှံပေး
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (SinoPharm)ကို  ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစားခန်းမနှင့် ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)ရုံးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း  သိရသည်။
ဝေါမြို့နယ်တွင် Oxygen Concentrator အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း
Aug 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဝေါမြို့နယ် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ညောင်ခါးရှည်တိုက်နယ်ဆေးရုံအတွက် အလှူရှင်များမှ Oxygen Concentrator နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Aug 08,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက် အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဟားခါးမြို့ရှိ (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦး ကို စုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်
Aug 08,2021
ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦးကို စုရပ်နေရာ (၄)နေရာခွဲ၍ ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများ အတွက် စားသောက်ကုန်များထောက်ပံ့ပေးအပ်
Aug 08,2021
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်တာဝန် ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုများ အားစားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ တွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူ ၃၃၀၈ ဦးရှိ၊ ညောင်ရမ်းတိုက်နယ်ကျေးရွာများ၌ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 08,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံ ပြီးသူ ၃၃၀၈ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့ နံနက်ပိုင်းက  ညောင်ရမ်းတိုက်နယ်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌  ကာကွယ်ဆေး   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိဘမဲ့ဂေဟာများအတွက် စားသောက်ကုန် များထောက်ပံ့ပေးအပ်
Aug 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၉)အတွင်းရှိ ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ်မိဘမဲ့ဂေဟာနှင့် တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာ မိဘမဲ့ဂေဟာသို့ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်၍ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေးကိစ္စများအတွက် ဆန်၊ ဆီ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Aug 08,2021
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေး ကိစ္စများ အတွက် ဆန် ၊ ဆီ ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွား ရောက် လှူဒါန်းခဲ့သည်။