ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍ လုပ်ဆောင်လျက်ရှိ

ညောင်ဦး ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အသက် ၆၅ နှစ် အထက် သက်ကြီးအဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများ ပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ် (၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း မိသားစုများ သတ်မှတ်စုရပ် ၁၁ နေရာတွင် တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း များ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ (၇)နေရာတွင် စီစဉ်ထိုးနှံပေလျက်ရှိရာ၊ မြို့စွန်မြို့ဖျား နေရာများမှ ညောင်ဦးမြို့ပေါ် လာရောက်ထိုးနှံရာတွင် အခက်အခဲမဖြစ်ပေါ်စေရန်အတွက် စဉ့်ကူ နယ်မြေ၊ ငါ့သရောက်နယ်မြေ၊ တောင်ဇင်းနယ်မြေနှင့် ပုဂံနယ်မြေ၊ လေးနေရာထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၄ ရက်နေ့အထိ ၁၆၀၀ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၈ ရက်နေ့(ယနေ့)အထိ ၁၅၁၂ ဦးထိုးနှံပေးပြီးဖြစ်ရာ စုစုပေါင်း ၃၁၁၂ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ညောင်ဦး ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ဆေးထိုးနှံမှု စနစ်တကျရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအကျိုးပြုပရဟိတအဖွဲ့များက ကူညီဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊ KPD