သတင်းများ

ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်ပေး နေသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များကို RDT နည်းအရ tisk kits ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးခြင်းပို့ချမှုသင်တန်း ဖွင့်လှစ်
Aug 08,2021
မကွေးတိုင်းဒေသကြီး ၊ရေနံချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီ အချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာ ဆန်းထွန်း နှင့်အဖွဲ့မှ ရေနံချောင်း မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များကို RDT နည်းအရ tisk kits ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးခြင်း သင်တန်းပို့ချမှု ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရှိ ရသည်။
ဒီပဲယင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလေးကြိမ်မြောက် ဆက်လက်ထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်း‌‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဒီပဲယင်းမြို့အခြေခံပညာအထက် တန်းကျောင်း ရွှေဝါမြေခန်းမတွင်ဩဂုတ်လ ၈ ရက်နံနက် ၈ နာရီမှ နေလည် ၁ နာရီထိလေးကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၁၁)ရက်မြောက်နေ့ ဆက်လက်ထိုးနှံ
Aug 08,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပြည်သူများ အား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို စုရပ်(၅)နေရာတွင် ယနေ့နံနက်ပိုင်းက (၁၁)ရက်မြောက်နေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး၊စည်ပင်၊ ကြက်‌ခြေနီ၊ အရန်မီးသတ်နှင့် Volunteer များ အား ဆန်နှင့် ကုလားပဲ ထောက်ပံ့
Aug 08,2021
ပဲခူးမြို့ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမတွင် ယနေ့နံနက် ၉နာရီခွဲက အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်မှ ကိုဗစ်-၁၉ကာလအတွင်း ပဲခူးမြို့နယ် ကျန်းမာရေး ဝန်ထမ်း များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့် Volunteer များအား ဆန်နှင့်ကုလားပဲထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်သည်။
ဝက်လက်မြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့ အဖြစ် ဆက်လက် ထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ ယခုလတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၇ ရက်နေ့ စတင်၍ ထိုးနှံရာ အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊ စျေးရောင်းချ သူများ ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွက် လိုအပ်သောအောက်ဆီဂျင်ဘူးများ ရောက်ရှိဖြန့်ဖြူးမှု ကြည့်ရှု စစ်ဆေး
Aug 08,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်း က ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများအသုံးပြုရန်အတွက် ပဲခူးဆေးရုံကြီး အောက်ဆီဂျင်ဖြန့်ဖြူးရေးဌာနသို့ အောက်ဆီဂျင်၄၀ လီတာဝင်အိုး အလုံးပေါင်း(၂၅၀)လုံး ရောက်ရှိဖြန့်ဖြူးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
လယ်ဝေးမြို့နယ်တွင် ဦးစားပေးအုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 08,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ နံနက်မှစ၍ အမှတ် ၁ အခြေခံပညာအထက်တန်း​​​ကျောင်းတွင် ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးရုံမှ ဆရာဝန်သူနာပြုများ ပူးပေါင်း အဖွဲ့ ၃ ဖွဲ့ဖြင့် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိသည်။