သတင်းများ

အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိစစ်ဆေး
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံ
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော်
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဒေသခံမိဘပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် ကျန်ရှိနေသည့် သံဃာတော်/ သီလရှင်များနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 09,2021
စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် သံဃာတော်/ သီလရှင်များနှင့် ဝန်ထမ်း မိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ယနေ့ နံနက်ပိုင်းက အုပ်စုသုံးနေရာခွဲ၍ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ
Aug 09,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်ရက်နေ့တွင် RDT TestKit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာ စတင်ဖွင့်လှစ်ပြီး အလှူငွေ ပေးအပ်ပွဲကျင်းပ
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ရှိ သဇင်ဆောင်တွင် ကျင်းပသော ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး လူနာများ စတင်လက်ခံရန် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရေဦးမြို့နယ်သူ၊ မြို့နယ်သားများစုပေါင်း၍ ဆေးရုံနှင့်လူမှုကူညီရေးအသင်းများသို့ ကျန်းမာ ရေးသုံးပစ္စည်း အခြေခံစားသောက်ကုန်များ လှူဒါန်း
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး   ရွှေဘိုခရိုင်၊ ရေဦးမြို့တွင်   ယမန်နေ့ရက် နံနက်ပိုင်းက  ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့ပေါ်ရှိစုရပ်များနှင့် ကျေးလက် ကျန်းမာရေးဌာန စုရပ်များတွင် ဆက်လက်ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စီမံအုပ်အုပ်ချုပ်ရေး အဖွဲရုံးခန်းမစုရပ်တွင် ယမန်နေနံနက် ၉ နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာန(၃)ခုတွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။