ကြံခင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေး အကြုံဝင်မှတ်ပုံတင်ထားသောစက်ရုံ/အလုပ်ရုံလုပ်ငန်းဌာနခွဲမှ အာမခံအလုပ်သမားများအား ယနေ့နံနက်(၈)နာရီအချိန်က ရွှေပြည်အေး(၁၁)ထပ်ဘုရားကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုးဦးသန်းစိုးဦးနှင့် မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်တို့ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီးအာမခံအလုပ်သမားများအား ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းစက်ရုံ/အလုပ်ရုံ အလုပ်ဌာနပေါင်း(၅၄)ခုရှိရာ အာမခံအလုပ်သမား (၆၀၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်အလုပ်ဌာန ဆေးထိုးစုရပ်များအလိုက် ကွင်းဆင်းပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။