ပင်လောင်းမြို့နယ်ဆေးရုံသို့ ၄၀လီတာ အောက်ဆီဂျင်ဆလင်ဒါအိုး သုံးလုံးနှင့် ဆေးဝါများ လှူဒါန်း

 

ပင်လောင်း   သြဂုတ်  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါလူနာများအတွက်  ၄၀ လီတာ အောက်ဆီဂျင်ဆလင်ဒါအိုး သုံးလုံးနှင့်ဆေးဝါးများအား ယမန်နေ့ကမြို့နယ်ပြည်သူ့ ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း မြို့နယ်ဆေးရုံနှင့်တိုက်နယ်  ဆေးရုံ လေး ရုံတို့တွင် သြဂုတ် ၁၆ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၆၄၈ ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာ ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၄၀၈ ဦး၊ သေဆုံး လူနာ ၈ ဦး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ ၂၃၂ ဦးရှိ ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉လူနာများ အောက်ဆီဂျင်ရှုရန်လိုအပ်သည့် အချိန်များတွင် အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံ လက်ဖက်အသင်း(မန္တလေး) မှ ၄၀ လီတာ အောက်ဆီဂျင်ဆလင်ဒါအိုး သုံးလုံး၊ပါရာစီတမောလ် ဆေးပြား (၆၀၀၀)ပြား(Tab Paracetamol 6000 T)၊နှာစေး၊နှာရည်ယို၊နှာပိတ်ပျောက်ဆေးပြား (၃၄၀၀)ပြား(Tab Cetirne 3400T)၊ ဓာတ်ဆားရည်(၂၀၀)ထုပ်(ORS 200 Packet)၊ ချောင်းဆိုး

ပျောက်ဆေးပြား(၂၀၀၀)ပြား(Cough Tab2000 T)၊ ပိုးသတ်ဆေး(၂၀၀)လုံး (Cap Amoxil 200 Cap)တို့ကိုပင်လောင်းမြို့နယ်ဆေးရုံသို့လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။