ဖြူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေး နှိုးဆော်

 
     
 
 
     
 

 

 

ဖြူး   ဩဂုတ် ၁၇

 

ပဲခူးတိုင်းဒေသကြီး၊    တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌     ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ   ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေး မိဘပြည်သူများအားပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်အစော ပိုင်းက စတင်၍မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆာ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေး ဆိုင်ရာထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါ ကွင်းဆက်ပြတ် တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ပါးစပ်နှင့် နှာခေါင်း စည်း Maskများ စနစ်တကျတပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ် ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းမျာကို မိဘပြည်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ချက်များကို ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ဖြူးမြို့နယ်တွင် ဩဂုတ်(၁၈)ရက်နေ့ညပိုင်းအထိတွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူ မရှိပဲလက်ရှိအတည်ပြုလူနာ ယနေ့ထိ(၁၁၁၉)ဦး၊ သေဆုံးသူမှာ(၆၉)ဦး အထိရှိ ကြောင်းသိရသည်။

 

နေမျိုးလွင်