ကျိုက်ဒုံမြို့တွင် ဒုတိယအကြိမ်၊ အသက်(၆၅)နှစ်နှင့် အထက် ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်
Sep 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ ကကျိုက်ဒုံမြို့တွင် နေထိုင်သည့် အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ ဦးစားပေးထိုးသင့်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြီမ်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။