ဘုတ်ပြင်းမြို့နယ်တွင် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံ‌ပေးလျက်ရှိ


ဘုတ်ပြင်း  စက်တင်ဘာ   ၃   

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ထိုးထားသည့်သူများကို သတ်မှတ်ထားသည့် ဆေးထိုးစုရပ် (၇)နေရာတွင် ဦးစားပေး အစီအစဉ်အတိုင်း ယနေ့ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

 

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများကို  ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ဆေးထိုးစုရပ်( ၇) နေရာဖြစ်သည့် မြို့နယ်အားကစားခန်းမ ၊ ပြည်ကြီးမဏ္ဍိုင် တိုက်နယ်ဆေးရုံ ၊ ကရသူရိ တိုက်နယ်ဆေးရုံ၊ ချောင်းကဖီး ကျေးလက် ကျန်းမာရေးဌာန ၊ ရေငံကြီး ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အလယ်မန်‌‌ကျေးရွာနှင့် တောင်ဒဂုံ ဆီအုန်းစီမံကိန်းတို့မှာ ဆက်လက်ထိုးနှံပေး လျက်ရှိပြီး ဘုတ်ပြင်းမြို့နယ်တွင် သြဂုတ်(၂၈)မှ စင်တက်ဘာ(၂)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ဆေးကို ဒုတိယအကြိမ် လာရောက်ထိုးနှံသူဦးရေ ( ၁၂၄၉ )ဦး ထိုးနှံပြီး ဖြစ်‌ကြောင်း သိရသည်။

 

ဘုတ်ပြင်းမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ဆေးကို ပထမအကြိမ် အဖြစ် စုစုပေါင်း (၂၆၉၈)ဦး ထိုးနှံထားပြီးဖြစ်၍ ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)