ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို RDT Takit ဖြင့် အခမဲ့ စစ်ဆေးပေး


ခမောက်ကြီး စက်တင်ဘာ ၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀၀၀နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို RDT Taskit ဖြင့် အခမဲ့ စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှု၊ ခမောက်ကြီးမြို့တိုက်နယ် ဆရာဝန်ဒေါက်တာအောင်ကျော်ထူး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မကြာခဏခရီးသွားလာနေသူများ၊ ဈေးသည်များ၊ မော်တော်ယာဉ်မောင်းများနှင့် မော်တော်ဆိုင်ကယ် ကယ်ရီသမားများ၊ ဖျားနာ၍ သံသယရှိသူများအား စစ်ဆေးခဲ့ပြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့က လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့သည်။


စစ်ဆေးပြီး positive မတွေ့ရှိရပါကလည်း ပေါ့ပေါ့ဆဆမနေဘဲ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန် မှာကြားခဲ့သည်။ စစ်ဆေးပြီး positiveတွေ့ရှိရသည့် လူနာများအား ခမောက်ကြီးမြို့၊ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူရန် စီစဉ်ထားကြောင်း သိရသည်။
 

ရူပါမြင့်(ပြန်/ဆက်)