ကျိုင်းတုံမြို့နယ်အတွင်း သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေး
Sep 16,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက်က ပန်ကြူကျေးရွာ အမက ကျောင်းနှင့် ဝမ်နွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ သွားရောက်စစ်ဆေးပေးခဲ့ကြောင်းသိရသည်။