တာချီလိတ်၌ လာအိုနိုင်ငံမှ ပြန်လာသည့်မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၀၂)ဉီးအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေး

တာချီလိတ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်လာအိုနိုင်ငံမှ ပြန်လာသည့်မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၀၂)ဉီးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူစစ်​ဆေး ခြင်းကို  ယမန်နေ့က ဝမ်လုံး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများ၏ ဓာတ်ခွဲနမူနာ Swab များအား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရယူဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့မှတောင်ကြီးမြို့သို့ ပို့ဆောင်၍ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းနေရပ်ပြန်ပြည်သူများသည် လာအိုနိုင်ငံမှ  စက်တင်ဘာလ(၁၁)ရက်နေ့က တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့သူများဖြစ်ကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ပထမအ​ကြိမ်စစ်ဆေးခ့ဲပြီး ယခုတွင် ဒုတိယအကြိမ် အဖြစ်ဓာတ်ခွဲနမူနာ Swab များ ရယူ စစ်ဆေး​ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)