တရုတ်နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း

ချင်းရွှေဟော်     စက်တင်ဘာ    ၁၅

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ()ဦးအား  တရုတ်နိုင်ငံနယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူးကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော်နှစ်နိုင်ငံ နယ်စပ်တံတားပေါ်တွင် လွှဲပြောင်း ပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်း အချိန်က တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်း သိရသည်။           

အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် တရုတ်နိုင်ငံ၊ မိန်းတိန်မြို့ရှိ အုတ်စက်ရုံ၊ ကားဝပ်ရှော့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပန်းရံလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာဝင်ရောက်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်နေထိုင်မှုတို့ဖြင့် ပြစ်ဒဏ်အသီးသီး ကျခံခဲ့သူများဖြစ်ပြီး ပြန်လည် လွှဲပြောင်း ပေးခြင်း ခံရသူများ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကျား()၊မ()၊ ပေါင်း ()ဦး အား ချင်းရွှေဟော်မြို့ တာဝန်ခံဆရာဝန် ဒေါက်တာ သီဟ နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးချက်အရ ၎င်းတို့မှာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။ ၎င်းနေရပ်ပြန်များတွင်  ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ  မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ချင်းရွှေဟော်မြို့    အဆုတ်ရောင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီသို့ စောင့်ကြည့်စစ်ဆေးမှု ခံယူရန် အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre သို့ ပို့ဆောင်ပေးခဲ့ပြီး စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် လျက်ရှိကာ ဆေးဝါးထောက်ပံ့မှုများအား ပြည်သူ့ဆေးရုံမှ ထောက်ပံ့လျက်ရှိကြောင်းနှင့်   ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း RDT Test Kit ဖြင့်ထပ်မံရယူ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး Negative ရလဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်သွားရန်  စီစဉ်ထားကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)