မိုင်းငေါ့ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းငေါ့ မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်း စည်း (Mask)မတပ်ဆင်ထားသောသူများနှင့်တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ် ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း(Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့်အချက်များကို ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ယခုအခါ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါးပိုးတွေ့ရှိသူ (၆၁)ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန် လာသူ(၃၃)ဦး၊ သေဆုံးသူ (၂)ဦးနှင့် လက်ရှိတွင် ကိုဗစ် -၁၉ရောဂါ အတည်ပြုလူနာ (၂၆)ဦး ကျန်ရှိသော ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့့် သိရှိလိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းသိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)