လွိုင်လင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ပြသ

လွိုင်လင် ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)ခန်းမတွင် ယမန်နေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအားပြသထားရာ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် "ရေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကိုဖြစ်စေသော အကြောင်းအရင်းများ၊ မြေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးရလဒ်များနှင့် ပလပ်စတစ်ညစ်ညမ်းမှု  လျှော့ချရေးနည်းလမ်းများ စသည့်အကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)