ညောင်ဦး ဇွန် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၆ ရက် ယနေ့တွင်လည်း ပုဂံမြို့ဟောင်း ဇဗ္မုဒီပဗိမာန်တော်ကြီးတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အစိုးရဓမ္မစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကို ညောင်ဦးမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီး ကြပ်ရေးဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ညောင်ဦးမြို့နယ်တွင် ဇွန်လ (၂) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ (၉)ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်သလို ပထမကြီးတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ/သီလရှင်(၂၂)ပါး၊ ပထမလတ်တန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာနှင့်သီလရှင်(၅၄)ပါး၊ ပထမငယ်တန်းစာမေးပွဲတွင်ဖြေဆိုရန် စာရင်းပေးသွင်းသည့် သံဃာ(၉၄)ပါး၊ အခြေပြုမူလတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာနှင့် သီလရှင်(၁၁၇)ပါး စုစုပေါင်းဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသည့် သံဃာနှင့် သီလရှင်(၂၈၇)ပါးဖြေဆိုလျှက်ရှိကြောင်းသိရသည်။ စာဖြေသံဃာတော်များနှင့် သီလရှင်များ အဆင်ပြေချော့မွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များ၏ ဆွမ်းဝေယျဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း