ရန်ကုန် ဇွန် ၆
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲများကို မြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီး၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲ ကြွရောက်ဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆို့နိုင်ရေးအတွက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များက ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များ စာဖြေသံဃာတော်များနှင့် သီလရှင်များအား အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူးဒါန်းကြသည်။
သန်လျင်မြို့နယ်တွင် ကျင်းပလျက်ရှိသော အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ယနေ့၌ စာဖြေသံဃာတော်များနှင့် သီလရှင်စုစုပေါင်း (၁၇၇) ပါးတို့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)