ပခုက္ကူ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ပခုက္ကူမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၅ ကျောင်းအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၄ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉၇၃၅ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)