အမရပူရမြို့နယ်တွင် မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Oct 24,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။