မြစ်သားမြို့နယ်တွင် အိမ်ထောင်စု (၄၆၉၃၇)စု သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူပြီးစီး
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ယူ ပြီးစီးမှု အိမ်ထောင်စုပေါင်း (၄၆၉၃၇)စုအား အောင်မြင်စွာကောက်ယူပြီးစီးဖြစ်ကြောင်း သိရသည်။